မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းဗွီဒီယိုရိုက်ကူး တည်းဖြတ်နည်း သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းဗွီဒီယိုရိုက်ကူး တည်းဖြတ်နည်း သင်တန်းဆင်းပွဲ ကျင်းပ

 


MNP - ဒီဇင်ဘာ  ၁၈


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အရည်အသွေး ပြည့်မီသည့် သတင်းရေးသားရိုက်ကူးတင်ဆက်နိုင်စေရန် ”ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ( မုံရွာ) MRTV တို့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့သည့် သတင်းဗွီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၂)နာရီက  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက “သင်တန်းဆင်း ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနမှ အဓိက ရည်မှန်းချက်များဖြစ်သော ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာတွင် သင်တန်းမှ ပို့ချသင်ကြားပေးသော ပညာရပ်များကို လက်တွေ့ အသုံးချ၍ မိမိတို့သက်ဆိုင်ရာ ဒေသအသီးသီးရှိ အများစိတ်ပါဝင်စားသည့် သတင်းများအား အားလုံးအဆင်ပြေစွာဖြင့် လုပ်ငန်းကဏ္ဍအလိုက် စနစ်တကျအရည်အသွေးပြည့်မီအောင် သတင်းရေးသားရိုက်ကူးတင်ဆက်သွားနိုင်ရေး အားလုံး ကြိုးစားပေးကြစေကြောင်း  ” သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ (၃)ဦးအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


အဆိုပါသင်တန်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(မုံရွာ)MRTVမှ သင်တန်းနည်းပြ ဆရာ(၃)ဦးက သတင်းဗွီဒီယိုရိုက်ကူး တည်းဖြတ်နည်းနှင့် စပ်လျဉ်းပြီး ကင်မရာရိုက်ကူး နည်းပညာရပ်၊ သတင်းရယူခြင်းပညာ၊ သတင်းတည်းဖြတ်ခြင်းပညာ၊ သတင်းဗီဒီယို ရိုက်ကူးရာတွင် လိုက်နာရမည့် အချက်များ၊ ဆောင်ရန်ရှောင်ရန်များကို စာတွေ့လက်တွေ့  (၂)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)