ဂွမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ







MNP ၊ ဒီဇင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  ဂွမူလတန်းကြိုကျောင်း၌ ကလေးငယ်များ၏ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို အဆိုပါ ကျောင်းဘေးရှိ မီးသတ်ဦးစီးဌာနရုံးရှေ့ ကွင်းပြင်၌ ယမန်နေ့ ညနေပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်က ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍  ပြောကြားခဲ့သည်။

ဆက်လက်၍ မူလတန်းကြိုကျောင်း ကလေးသူငယ်များက ကစားနည်းပြိုင်ပွဲများဖြစ်သည့် ကွမ်းသီးကောက်၊ ခေါင်းအုံးရွက်၊ မုန့်ကိုက်၊ ဘောင်းဘီဝတ်၊ ကြယ်သီးတပ်၊ ရေချိန်၊ ဂေါ်လီလုံးများအားဇွန်းဖြင့်သယ်ယူခြင်း၊သင်္ချာဂဏန်းခွက်စီ၊ ခရစ်စမတ်သစ်ပင် ဖြတ်ဆက်စီခြင်း၊ သင်္ချာဂဏန်းများအားရုပ်ပုံများနှင့် ယှဉ်တွဲခြင်း၊ ကြိုးထိုး၊ သံဘူးစီကစားနည်း စသည့်ပြိုင်ပွဲ (၁၂)မျိုးဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြရာ ဆုရရှိသည့် ကလေးငယ် များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ၊မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊  မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ဆုများအသီးသီးချီးမြင့်ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)