စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် တပ်ကုန်းမြို့၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် တပ်ကုန်းမြို့၌ စာဖတ်ဝိုင်းကျင်းပ



MNP  -  ဒီဇင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ လျက်ရှိရာ စာရေးဆရာ ဒေါက်တာ ခင်စန်းမော် ရေးသားထားသည့် “ပညာရှင်စိတ်ထား” စာအုပ်ကို ယမန်နေ့ မွန်းလွဲ ၂နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပ သည်။


စာဖတ်ဝိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား) နှင့် အဖွဲ့ဝင်များဖြစ်သည့် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်- တပ်ကုန်း)၊ ဒေါ်မြသန္တာ (မြပုလဲ- တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့် အတူ  စာရေးဆရာ ဒေါက်တာခင်စန်းမော် ရေးသားထားသည့် “ပညာရှင်စိတ်ထား” စာအုပ် တွင် ပါရှိသည့် ဘဝလှေကားထစ်များ၊ ဘဝအချိုးအကွေ့၊ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်း၊ ရရှိလာမည့် အကျိုး ကျေးဇူးများ၊ ပညာရှင်စိတ်ထား၊ ကျန်းမာမှ ချမ်းသာ ခေါင်းစဉ်များနှင့်အခြား ဗဟုသုတများ အပြန်အလှန် ဆွေးနွေးခဲ့ကြ သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိ ပညာ ဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)