ရေတာရှည်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိ​စေ​ရေး စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိ​စေ​ရေး စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်


MNP   -   ဒီဇင်ဘာ  ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိ​စေ​ရေးအတွက် မြေပြင်ရှိလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်​ဆေးခြင်း၊ မှတ်ပုံတင် ၂ ကြိမ်၊ ၃ ကြိမ် နှင့်အထက် ထပ်​နေသူများ စိစစ် (Cross Check) ခြင်း လုပ်ငန်း​ဆောင်ရွက်​နေမှုများကို  ယမန်နေ့တွင် ​တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရေတာရှည်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်းတွင် ဥပ​ဒေနှင့်အညီ နေထိုင်သူများ (လဝက (ပုံစံ ၆၆/၆) အိမ်ထောင်စုစာရင်း) ရှိသူများအနက် မှတ်ပုံတင်ပြည့်စုံသူများတွင် (နိုင်) နံပါတ် နှစ်ကြိမ်နှင့်အထက် ထပ်​နေသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ရှိပြီး မြေပြင်တွင် နေထိုင်မှုမရှိသူများ စိစစ်ခြင်း၊ သေဆုံးသူများ ပယ်ဖျက်ခြင်း၊ အခြားမြို့နယ်၏ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) ဖြင့် နေထိုင်သူများ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) မရှိဘဲ မြေပြင်တွင်နေထိုင်သူများ စိစစ်ခြင်း၊ မွေးဖွားသည့် ရက်/လထပ်နေသူများ စာရင်းစိစစ်ခြင်း၊ မွေးသက္ကရာဇ်မပါသူများ/မပြည့်စုံသူများ စိစစ်ခြင်းနှင့် အသက်(၁၈)နှစ် အထက်၊ (၁၈)အောက် နိုင်ငံသားကတ်မရှိသူများ စိစစ်ခြင်းလုပ်ငန်းဆိုင်ရာများအား ဒီဇင်ဘာလ ၁၅ ရက်​နေ့မှ စတင်၍  မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့  ဌာန (၃) ခုမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် လျက်ရှိ​ကြောင်း သိရသည်။

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)