စစ်တွေတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပ

                                                                            




MNP  -  ဒီဇင်ဘာ ၂၇

စစ်တွေတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် စစ်တွေ တက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများက" ဘဝမီးအိမ် ထွန်းညှိရာမြေ" သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။


ထို့နောက် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က နိုင်ငံတော်တစ်ခု တည်ဆောက်ရာတွင် ပညာရေးကဏ္ဍသည် အလွန်ပင်အရေးကြီးပါကြောင်း၊ ကျောင်းသား/‌သူများအနေဖြင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နိုင်အောင် ကြိုးစားသင်ယူလေ့လာသွားကြရန်လိုအပ်ကြောင်း  တိုက်တွန်းပြောကြားခဲ့သည်။


ယင်းနောက် စစ်တွေတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်သက်ကျော်က သင်တန်းရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားခဲ့သည်။


ဆက်လက်၍ ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို မြန်မာစာဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာမင်းသန့်မော်ကလည်းကောင်း၊ သိပ္ပံဘာသာရပ်ဆိုင်ရာသိကောင်းစရာများကို အဏ္ဏာဝါသိပ္ပံဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာမြကျော့ဝေကလည်းကောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် သီဆို၊ကပြဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့​သည်။


အဆိုပါ အခမ်းအနားသို့ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ မောင်မယ်သစ်လွင် ကျောင်းသားကျောင်းသူများ စုစုပေါင်း(၂၆၀၀) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။                 


 ဦးမြင့်စိုး             

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)