မန္တလေးတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းပေးအပ်ပွဲကျင်းပ

MNP    -    ဒီဇင်ဘာ ၁၉

မန္တလေးတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မန္တလေးတက္ကသိုလ် အင်းဝ(၉)ခန်းမ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အဆိုပါခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။


ထို့နောက် ဟောပြောပွဲကို မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာသုနန္ဒာက အားကစားပစ္စည်းပေးအပ်ခြင်းနှင့်ပတ်သက်၍  ဖွင့်အမှာစကားပြောကြားပြီး မဟာအောင်မြေမြို့နယ် အားကစားမှူးဦးရှီးမွန်က အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်ပတ်သက်၍လည်း လူငယ်တွေဟာ အနာဂတ်မျိုးဆက်သစ်တွေဖြစ်ကြောင်း၊ စာပေတွေကိုလေ့လာမှတ်သားရသလို ကိုယ်ကာယကျန်းမာဖို့အတွက် အားကစားနှင့်ပတ်သက်၍ အားကစားသည် လူငယ်တွေအတွက် လေ့ကျင်းမှုလည်းပြုလုပ်သင့်ကြောင်း၊ အားကစားလုပ်လျှင် ပညာရေးအတွက်လည်း အထောက်အကူပြုပြီး ဉာဏ်ရည်ဉာဏ်သွေးတိုးတက်ကောင်းမွန်ကြောင်း စသည့်အကြောင်းအရာများအား ထည့်သွင်းပြောကြားပြီး အားကစားပစ္စည်းများကို မန္တလေးတက္ကသိုလ် အားကစားမှူးအားပေးအပ်ရာ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီးဒေါက်တာသုနန္ဒာက လက်ခံရယူခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားအား မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ ဒု-ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာမောင်မောင်ဝင်း၊ ဒု-ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာ သုနန္ဒာ၊ ဒု-ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီနီအောင်၊ တွဲဖက်ပါမောက္ခများ၊ ပါမောက္ခဌာနမှူးများ၊ ကွန်ပျူတာသိပ္ပံဌာနမှူးများ၊ မြို့နယ်အားကစားမှူးဦးရှီးမွန်၊ မန္တလေးတက္ကသိုလ် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ သင်ကြားစီမံဌာနပေါင်းစုံဝန်ထမ်းများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်ဇော်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)