မင်းလှမြို့တွင် လေပြင်းတိုက်ခတ်၍ အမိုးလန်ပျက်ဆီးသွားသည့်နေအိမ်မှ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် လေပြင်းတိုက်ခတ်၍ အမိုးလန်ပျက်ဆီးသွားသည့်နေအိမ်မှ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်

 



MNP - ဒီဇင်ဘာ  ၅


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်ဆီးဆုံးရှုံးသွားသည့်နေအိမ်မှ မိသားစုဝင်များအားထောက်ပံ့ငွေပေးအပ်ခြင်းကို  ဒီဇင်ဘာ ၅ ရက်နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။


အဆိုပါ‌ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသိန်းဇော်ဖြိုးမင်း၊ မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်‌ကေသီမြင့်တို့က သာယာကုန်းအုပ်စု၊ သာယာကုန်းကျေးရွာတွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်ပြီး အမိုးလန်ပျက်ဆီးသွားသည့် ဦးသောင်းကြည်နေအိမ်မှ မိသားစုဝင်(၅)ဦးကို ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀ဝ)ကျပ်၊ စုစုပေါင်း (၆၀၅၀ဝ)ကျပ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ပေါက်စ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)