ရသေ့တောင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအ ထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအ ထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ




MNP -  ဒီဇင်ဘာ ၂၇

 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရ​သေ့တောင်မြို့၌ကျောင်းသား/သူလေးများ၊ ကာယ၊ ဉာဏ စွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ ယနေ့နေ့လည်ပိုင်းက လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲကို ကျင်းပ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။


 ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့ဦးစီးမှူး ဒေါ်တင်ဇာဦးက ကလေးငယ်များ ကာယစွမ်းရည်ဖွံဖြိုးတိုးတက်ကြစေရန်၊တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုရရှိစေရန်၊အသင်းအဖွဲ့၏စည်းရုံးဆောင်ရွက်ရသည့်အလေ့အကျင့်ကောင်းများ စုပေါင်းဆောင်ရွက်တတ်သည့်အကျင့်ကောင်းများရရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများ ပြည်သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ပညာဗဟုသုတရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်နှင့်မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကိုကျောင်းသား/သူများအစဉ်အမြဲအောက်မေ့သတိရစေရန်ရည်ရွယ်ချက်များဖြင့် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး၊အထက(၁)နှင့်အထက(၂)ကျောင်းများမှ  ကျောင်းသား/သူလေးများကတစ်မှုံတစ်ထွာ အမြင့်ခုန်အားကစားဖြင့်

 ပျော်ရွှင်တက်ကြွစွာပြိုင်ပွဲဝင်ခဲ့ကြသည်။


 ရသေ့တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာဗဟု သုတများရရှိစေရန် Talk Show များဆောင်ရွက်ခြင်း၊ စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများဆောင်ရွက် ၊ခြင်း၊ သုတ/ ရသစာအုပ်၊ စာစောင်များ အခမဲ့ငှား ရမ်းပေးခြင်း၊ ကလေးငယ်များအတွက် ကာယဥာဏပြပွဲ/ ပြိုင်ပွဲများကို  အခါအားလျော်စွာ  ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိပါသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)