MNP - ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီနှင့်မြို့နယ် အတွင်းရှိဆန် စက်လုပ်ငန်းရှင်(၂၉)ဦးတို့ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ပြည်အေးခန်းမ၌ တွေ့ဆုံကြသည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုး တက်မြင့်မားရေးကော်မတီ ဥက္ကဋ္ဌဦးမင်းဧရာထိုက်မှ မြို့နယ်အတွင်းရှိဆန်စက် လုပ်ငန်းရှင်(၂၉)ဦး အားတွေဆုံပြီး ထင်း၊ မီးသွေး အစားထိုးစပါးခွံသုံးလောင်စာတောင့် ထုတ်လုပ်သုံး စွဲမှုစီမံချက်အရ စပါးခွံလောင့်စာ တောင့်ထုတ်လုပ်နိုင်မည့် စက်ရုံတည် ဆောက်နိုင်ရေး အတွက်ဆန္ဒသဘောထားများ မေးမြန်းခြင်း၊ စက်ရုံတည်ဆောက်နိုင်မည့် မြေနေရာ ရှိ မရှိ၊ အရင်းအနှီးငွေကြေး ရှိ မရှိ၊ နိုင်ငံတော်မှချေးယူလိုခြင်း ရှိ မရှိတို့ကိုမေးမြန်းပြီး လိုအပ်ပါကခရိုင်/တိုင်းဒေသကြီးသို့ တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား ရာအမှတ် (၃)ရပ်ကွက်၊ နေယုဆန်စက်ပိုင်ရှင် ဦးအောင်ကိုကိုဆန်းမှ ဒေသနှင့်ကိုက်ညီမည့် စက်ရုံတည်ဆောက်မည်ဖြစ်ကြောင်း သဘောထား ဆန္ဒပေးခဲ့ကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment