ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစု ယူရီးယား ဓာတ်မြေသြဇာအိတ်များ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစု ယူရီးယား ဓာတ်မြေသြဇာအိတ်များ ပေးအပ်



MNP -  ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ စပါးအထွက်နှုန်းတိုးတက်စေရေး အတွက် လိုအပ်သော သွင်းအားစု ယူရီးယားဓာတ်မြေသြဇာအိတ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိန်မောင်မြင့်က နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်တောင်သူများအား အထွက်နှုန်းတိုးတက်စေရေး အတွက် လိုအပ်လျက်ရှိသော ယူရီးယားဓာတ်မြေသြဇာအိတ်များ စျေးနှုန်းချိုသာစွာဖြင့် တောင်သူများ လက်ဝယ်သို့ ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်လင်းဆွေး နွေးခဲ့သည်။ ထို့နောက်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင် စာရင်းအင်းဦးစီးဌာနမှူး ဦးဝင်းမြင့်က   အကျိုးတူကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေးခြင်းနှင့် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက မြို့နယ်အတွင်းရှိ တောင်သူများလူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်က ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများ သွင်းအားစု လိုအပ်ချက်များကြောင့် ရိုးပြတ်ကျန်လယ်ယာမြေများ မဖြစ်ပေါ်စေရေးအတွက် ပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးဦးစိန်မောင်မြင့်၊ တိုင်းဒေသကြီးလယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဝင်းမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများ က အကျိုးတူလယ်ယာကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်မည့် လေးအိမ်ကုန်းကျေးရွာအုပ်စုနှင့် တညင်ကုန်းကျေးရွာအုပ်စုရှိ တောင်သူ(၁၀၆)ဦး၏ နွေစပါးစိုက်ဧက(၁၅၄၄)ဧကအတွက် ယူရီးယား ဓာတ်မြေသြဇာအိတ်(၃၀၈၈)အိတ်ကို တောင်သူများ လက်ဝယ်ရောက် ပေးအပ် ခဲ့ကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)