မာန်အောင်မြို့နယ်တွင် မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ






MNP  - ဒီဇင်ဘာ ၂၇

     ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊မာန်အောင်မြို့နယ်၌မြို့နယ် (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ဖွင့်လှစ်သည့် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်  ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


    သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားရာတွင် လူဦးရေ စာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူနိုင်ရန်အတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း၊သင်တန်းသား/သူများအနေဖြင့် အလေးထားသင်ယူကြရန် ပြောကြားပြီး မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးဦးထွန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်းပတ်သက်၍ရှင်းလင်းပြောကြားသည်။


အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်မင်းဟိန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်အဆင့်ဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ရပ်/ကျေးစာရေးများစုစုပေါင်းအင်အား(၁၅၀)ဦးတက်ရောက်ခဲ့ကြသည်။ယင်းသင်တန်းတွင် သင်တန်းနည်းပြဆရာ(၄)ဦးက သင်တန်းသား/သူ(၁၂၉)ဦးအား တစ်ရက်ကြာပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။



ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)