ပြင်ဦးလွင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ် (၁/၂၀၂၂ )သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ် (၁/၂၀၂၂ )သင်တန်းဖွင့်လှစ်

 



MNP - ဒီဇင်ဘာ ၆


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ရပ်ကွက်ကြီး(၅)၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည် ။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်(၁/၂၀၂၂) သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းကို ပြင်ဦးလွင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် (၅-၁၂-၂၀၂၂)ရက်နေ့မှ (၃၀-၁၂-၂၀၂၂) ရက်နေ့အထိ


သင်တန်းကာလ(၁၆)ရက်ဖြင့် နံနက်(၉)နာရီမှ မွန်းလွဲ(၃)နာရီထိ သင်တန်းနည်းပြဆရာများမှ အခြေခံကြိုးချည်နည်း၊ အသက်ရှုကိရိယာများအကြောင်း၊ အသက်ရှုကိရိယာ(B.A set) လေ့ကျင့်ခန်း၊ ရှေးဦးသူနာပြုစုနည်း၊ လူနာသယ်ဆောင်ခြင်းအမျိုးမျိုး၊ မီးလောင်ခံရသူအား ရှေးဦးသူနာပြုစုနည်း၊ ဒေသန္တရအသက်ကယ်ပစ္စည်းများအသုံးပြုနည်း၊ မီးခိုးအန္တရာယ်၊ မီးခိုးထဲတွင်အလုပ်လုပ်မည့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးလျော့ပါးရေးတွင် တပ်ဖွဲ့ဝင်များဆောင်ရွက်ရမည့်အချက်များ (ရေဘေး/ လေဘေး / ငလျင်ဘေး)၊ ရေစိုလေ့ကျင့်ခန်း၊ စစ်ရေးပြဆန်းစစ်ချက်၊ မီးသတ်ပညာဆန်းစစ်ချက်နှင့် အသက်ကယ်ပညာဆန်းစစ်ချက် စသည်တို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချလျက်ရှိရာ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀) ဦး တက်ရောက်သင်ကြားလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။


သတင်း - ဇော်မျိုးထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)