သရက်မြို့၌ ကျေးလက်တိရစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ ကျေးလက်တိရစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲ ကျင်းပ

 



MNP - ဒီဇင်ဘာ ၁၇


အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် စိုက်ပျိုးရေးမှ ထွက်ရှိသော ဘေးထွက်ပစ္စည်းများအား အလေအလွင့် မရှိစေ၍ မွေးမြူရေးလုပ်ငန်းတွင် ပြန်လည်အသုံးချခြင်းအားဖြင့် ကျေးလက်နေ တောင်သူများ တစ်ဘက်တစ်လှမ်းမှ ဝင်ငွေရရှိပြီး လူမှုစီပွားဘဝ တိုးတက်စေမည်ဖြစ်ကြောင်းနှင့် သင်တန်းအား ဖွင့်လှစ်ပေးခြင်းအားဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အရန်အင်အားအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။


ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦစီးဌာန မြို့နယ်ဦးစီးမှူးက တိရစ္ဆာန်များ ကူးစက်ရောဂါ မကျရောက်စေရေး ကြိုတင်ကာကွယ်ဆေးများ ထိုးနှံရာတွင်နှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ကူးစက်ရောဂါ ဖြစ်ပွားမှုများဖြစ်လာပါက ကြိုတင်သတင်းရယူမှု အားကောင်းလားပြီး ကာကွယ်မှုများအတွက် လက်ဦးမှုများရရှိစေရန်အတွက် သင်တန်းကို ဖွင့်လှစ်ပေးရတာဖြစ်ကြောင်းနှင့် သင်တန်းသားများအနေဖြင့် သင်တန်းဆင်းပြီး မိမိကျေးရွာ ပြန်လည်ရောက်ရှိပါက သင်တန်းမှ ပို့ချသင်ကြားသည့် ဘာသာရပ်များဖြင့် ဆရာသမားများ၏ လမ်းညွှန်မှုကို ခံယူ၍ စဉ်ဆက်မပြတ် စေတနာဝန်ထမ်းတာဝန်ကို ထမ်းဆောင်ရမည့် သူများဖြစ်ကြောင်းနှင့် ကျေးလက်နေတောင်သူများ၏ မွေးမြူရေး၌ မျိုးကောင်း၊ မျိုးသန့်များ ဖြစ်ထွန်း၍ ကူးစက်ရောဂါ ကင်းရှင်းပြီး ကျန်းမာရေး ကောင်းမွန်သော တိရစ္ဆာန်မွေးမြူမှု ဖြစ်ထွန်းအောင်မြင်စေရန် တစ်ဘက်တစ်လမ်းမှ ဝင်ငွေများရရှိပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း ပြောကြားပေခဲ့သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)