ကျိုင်းတုံမြို့၌ (၄၈)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် အာခါအမျိုးသားနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ (၄၈)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် အာခါအမျိုးသားနေ့ အခမ်းအနားကျင်းပ




MNP  -   ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၄၈)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် အာခါအမျိုးသားနေ့အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီက အမှတ်(၁)ရပ်ကွက်၊ အမေ့ရင်ခွင်ကျောင်းဝင်းတွင် ကျင်းပသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာကျော်ထွန်းထံမှ ပေးပို့သော (၄၈)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် အာခါအမျိုးသားနေ့ သဝဏ်လွှာအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ဖတ်ကြားသည်။


ယင်းနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အာခါတိုင်းရင်းသား အကြီးအကဲ ဦးမင်းညိုတို့က အမှာစကား ပြောကြားသည်။ ထို့နောက် အာခါတိုင်းရင်းသား၊ တိုင်းရင်းသူကလေးများက ရိုးရာအကပဒေသာများဖြင့်  ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)