ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ ပရဟိတဂေဟာများနှင့် ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ငွေကျပ် ၈၅၂ သိန်းကျော် ထောက်ပံ့ကြေး ပေးအပ်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ကြီးကြပ်မှု ကော်မတီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ ပရဟိတဂေဟာများနှင့် ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ငွေကျပ် ၈၅၂ သိန်းကျော် ထောက်ပံ့ကြေး ပေးအပ်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ကြီးကြပ်မှု ကော်မတီ

 




MNP  -   ဒီဇင်ဘာ ၂၀

ကချင်ပြည်နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ပရဟိတဂေဟာများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှ ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းအဖွဲ့များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ သို့ ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် စေတနာသဒ္ဒါတရားထက်သန်စွာ ရပ်ရွာအတွင်း ပရဟိတဂေဟာ များ တည်ထောင်ခြင်းအတွက် ဂုဏ်ပြုအသိအမှတ်ပြုသည့်အနေဖြင့် လည်းကောင်း၊ ပရဟိတ ဂေဟာများတွင် ပြုစုစောင့်ရှောက်ထားသော ကလေးများ၏ လိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍လည်းကောင်း ယခုကဲ့သို့ ဂေဟာများ၏ လိုအပ်ချက်များအတွက် ပံ့ပိုးကူညီပေးရခြင်းဖြစ်ပါကြောင်း၊ အလားတူ ယနေ့ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှ တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်သည့် ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်များ၊  သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက်ကိုလည်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ပရဟိတဂေဟာ (၁၃) ခုတို့အတွက် ဂေဟာများရှိ လက်ခံသည့်လူဦးရေအလိုက် ဆန်ဖိုး၊ စားစရိတ်နှင့် ဝတ်စုံစရိတ်အဖြစ် ထောက်ပံ့င ကျပ် စုစုပေါင်း ၇၉၅၉၆၀၀၀ ကျပ်နှင့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ ထိခိုက်လွယ် အုပ်စုများဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင် (၂၃) ဦး၊ အသက်(၅)နှစ်အောက် ကလေး (၁၄၅)ဦး၊ အသက် (၇၀) နှစ်နှင့် အထက် ဘိုးဘွား (၁၃) ဦးနှင့် မသန်စွမ်းသူ (၉) ဦးတို့အတွက် ထောက်ပံ့ငွေ ကျပ် စုစုပေါင်း ၅၇၀၀၀၀၀ ကျပ်တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ပရဟိတဂေဟာများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ(၂)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခ ခန်းမ၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနိုင်ရေး ပြည်နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူ‌ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်း (၅) ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်မှုရှိစေရေး မိမိတို့အနေ ဖြင့် ညွှန်ကြားချက်များအပေါ် အလေးထားလိုက်နာ၍  ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဆင့်အလိုက် သတ်မှတ်ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခဲ့နိုင်ခဲ့ပြီး ယနေ့အစည်းအဝေးတွင် မိမိတို့အနေဖြင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူနိုင်ရေးအတွက် ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ကောက်ယူနိုင်ရေး၊ လိုအပ်သည်များကို ညှိနှိုင်းဆွေး‌နွေး၍ အားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ သင်တန်းဖွင့်လှစ်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်/ ခရိုင်/ မြို့နယ် ကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာအုပ်စု/ ကျေးရွာများအလိုက်  ကွင်းဆင်းကောက်ယူနိုင်ရေး ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သင်တန်းဖွင့်လှစ်သွားမည့် အစီအစဉ်များ၊ ကုန်ကျ စရိတ်များ တင်ပြတောင်းခံသွားမည့် ကိစ္စရပ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ် သွားမည့်ကိစ္စရပ်များနှင့် လိုအပ်ချက်၊ အခက်အခဲများကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ်က မြေပြင်စာရင်းကောက်ယူရာတွင် ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်အဆင့် အလိုက် ကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများ သတ်မှတ်ချိန်ပြီးစီးအောင် မြန်ဆန်စွာ စတင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)