ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ



MNP - ဒီဇင်ဘာ ၆


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်၊ လူငယ်အချင်းချင်း အသိပညာ အတတ်ပညာများဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေပြီး စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်တို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း ဇမ္ဗူတမ္ပခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းလှိုင်က အဖွင့်အမှာ စကားပြောကြားရာတွင် ယခုလို စကားဝိုင်းပြုလုပ်ပေးသည့်အတွက် လူငယ်များ အချင်းချင်း အသိပညာများ တိုးပွားလာစေပြီး အကျိုးကျေးဇူးများစွာ ရရှိ‌စေမှာဖြစ်ကြောင်း၊ မိမိတို့ကျောင်းသာမက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း စီစဉ်ကျင်းပ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ အမှတ် (၇) အ-ထ-က  Grade (10)နှင့် Grade (11)မှ ကျောင်းသား၊ ကျောင်းသူ(၄)ဦးတို့က လူငယ်နှင့်အနုပညာ၊ လူငယ်နှင့် စာပေ၊လူငယ်နှင့်အားကစား၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် ကျန်းမာရေး၊လူငယ်နှင့် မူးယစ်ဆေးဝါး စသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။    


ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက မိမိတို့သိရှိ လိုသည်များကို မေးမြန်း ဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ် အလိုက် ပြန်လည် ဆွေးနွေးခဲ့ကြသည်။  ယနေ့ ကျင်းပ ပြုလုပ်သော လူငယ်စကားဝိုင်းသို့ ကျောင်းအုပ်ဆရာမကြီးနှင့် တကွ၊ဆရာ/ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ လူငယ်စကားဝိုင်းပြီးနောက် ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများသည် ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း  သိရသည်။


သတင်း - ခင်စိမ်းဝင်း  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)