စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်သို့ လူငယ်အသိပညာပေး စကားဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းပညာရေး ဒီဂရီကောလိပ်သို့ လူငယ်အသိပညာပေး စကားဝိုင်းဆွေးနွေးပွဲကျင်းပ



MNP   -   ဒီဇင်ဘာ ၃၀

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ လူငယ်အသိပညာပေး စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူံဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းယူကြရမဲ့ မျိုးဆက်သစ်လူငယ်များ အတက်ပညာ/အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ်ပေါက်လာစေရန်၊ လိမ္မာယဉ်ကျေးသောပြောဆို ပြုမူဆက်ဆံမှုများနှင့် ကျောင်းသား/ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်စွာနဲ့ အမြင်ချင်း ဖလှယ်တက်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ရခြင်း ဖြစ်ကြောင်းဆွေးနွေး ပြောကြားခဲ့သည်။


ဆက်လက်၍ စကားဝိုင်းကိုဆွေးနွေးရာ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ဦးဆောင်၍ ဆရာကြီးဦးစန်းလွင် (ညွှန်ကြားရေးမှူး- ငြိမ်း)၊ ပညာရေးဝန်ကြီးဌာန)က “ပညာရည်မြှင့်လူမျိုးတင့်ဆရာ့စွမ်းရည်မြှင့်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းပညာရေးကောလိပ်၊ ပထမနှစ်သင်တန်းသား မောင်နေထွန်းလင်းက “ကျန်းမာရေးအတွက် လမ်းလျောက်ခြင်း”၊ ပထမနှစ်သင်တန်းသား မောင်အောင်ဆန်းက “လူငယ်နှင့်ကျန်းမာရေးအတွက် ကူးစက်ရောဂါ”၊ ပထမနှစ်သင်တန်းသူ မနွေးရတီလွင်က “လူငယ်နှင့်စာပေ”၊ ပထမနှစ်သင်တန်းသူ မဆောင်းနှင်းဖြူက “လူငယ်နှင့်ကျန်းမာရေးအတွက် အစွမ်းထက်အစားအစာ” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပေးခဲ့ကြပြီး စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြတ်ခိုင်က   ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပေးခဲ့သည်။


အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့်(၇၅) နှစ်မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးကာ ကျောင်းသား/ကျောင်းသူများက ပြသထားသည့်စာအုပ်များနှင့် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှူ့ခဲ့ကြကြောင်းသိရသည်။


ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)