ငဖဲမြို့နယ်၌ (၃၅) ကြိမ်မြောက် နာရီ (၁၂၀) အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်၌ (၃၅) ကြိမ်မြောက် နာရီ (၁၂၀) အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ




MNP  -  ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ပြည်သူအများ ဘေးရန်အန္တရာယ် ကင်းဝေးစေရန်အတွက် နှစ်စဉ်ကျင်းပပူဇော်ရွတ်ဖတ်မြဲဖြစ်သော (၃၅)ကြိမ်မြောက် နာရီ ၁၂၀ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မြို့မရပ်ကွက် ဓာတ်တော်ဓမ္မာရုံ၌ ယမန်နေ့ ညနေ ၃ နာရီက စတင်ကျင်းပရာ ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦးတင်မောင်အေးနှင့် အဖွဲ့ဝင်များ၊ ဓါတ်တော်ဓမ္မာရုံဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်များမှ ဝတ်အသင်းယောဂီများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် ကုန်းမြင့်ရတနာဘုန်းတော်ကြီးကျောင်းဆရာတော် ဘန္တဒ္ဒသောမစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့ပေါ်ရပ်ကွက်များမှ ဝတ်အသင်းအဖွဲ့များက ပဌာန်းသံဆန်း ကဗျာများကို ရွတ်ဖတ်ပူဇော်ကြသည်။ ထို့နောက် မဟာပဌာန်း ပူဇော်ပွဲကို ဆက်လက်ကျင်းပရာ ပဌာန်း (၂၄)ပစ္စည်း ပစ္စယုနိဒ္ဒေသကိုသံဃာတော်များမှ ရွတ်ဖတ်ပူဇော်ကြပြီး ပစ္စယနိဿယနည်းမှ စ၍  သံဃာတော် အရှင်သူမြတ်တို့က အလှည့်ကျ ရွတ်ဖတ်ပူဇော်ကြသည်။


အဆိုပါ မဟာပဋ္ဌာန်းပွဲတွင် ရွတ်ဖတ်ပူဇော်ကြသော ဆရာတော်၊ သံဃာတော် (၃၇)ပါးတို့အား အလှူရှင်များက အရုဏ်ဆွမ်း၊နေ့ဆွမ်းနှင့် လှူဖွယ်ဝထ္ထူငွေများ ဆက်ကပ်လှူဒါန်းကြမည် ဖြစ်ကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)