ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး


4

5

6


MNP  -  ဒီဇင်ဘာ  ၂၂

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အတွက်   မြို့နယ် မီးသတ်ဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန် မြို့မဈေးကြီး အတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်း စစ် ဆေး ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မောင်တောခရိုင် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဆန်းလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝင်များ ၊ ဈေးကော်မတီအဖွဲ့တို့မှ  မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင် များ တွင် ဈေးရောင်းချသူများ အနေဖြင့် မီးဘေးလုံခြုံရေး ၊ မီးကို စနစ်တကျ သုံးစွဲကြရေး ၊ မီးဘေး မပေါ့ကြစေရန် နှင့် ဈေး အတွင်း မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်း သတ် ဆေးဘူးဖြင့်  စနစ်တကျ ဖြင့် မီးငြိမ်းသတ်မှုများ ၊ ဈေး အတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက်  မီးချိတ် ၊ မီးကပ်များ ကြံ့ခိုင်မှုရှိ/မရှိ ၊  မီးသတ်ဆေးဘူး များတွင် (လေပေါင်)ရှိ/မရှိ ၊  သဲ အိတ် များ ၊ရေပုံး၊ ရေပိုက်ခေါင်းများ ၊ မီးသတ်ဆေးဘူးများအား အလွယ်အတူ အသုံး ပြုနိုင်ရန် အဆင်သင့် ဆောင် ရွက် ထားရှိရေး ၊ မီးသတ် ဆေး ဘူး များ ဟောင်းနွမ်းနေပါက အသစ် လဲလှယ်စေရေး ၊ ရေစုကန် များအတွင်း ရေလုံ လောက် စွာရှိ/မရှိ ၊ အပေါ့စားရေစုပ် အား ကောင်း/မကောင်းစစ်ဆေးပြီး ဈေးအတွင်း လှည့်လည် ကြည့်ရူ စစ် ဆေး အကြုံ ပြုခဲ့ကြ ကြောင်း သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages