ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလားအမျိုးသား/ အမျိုးသမီး အလွတ်တန်းဘော်လီဘောပြိုင်ပွဲ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလားအမျိုးသား/ အမျိုးသမီး အလွတ်တန်းဘော်လီဘောပြိုင်ပွဲ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ တက်ရောက်အားပေး





MNP  -     ဒီဇင်ဘာ    ၃၀

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌   (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလားအမျိုးသား/အမျိုးသမီး အလွတ်တန်းဘော်လီဘောပြိုင်ကို ယနေ့နံနက် ၇ နာရီက ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအားကစားကွင်း၌    ကျင်းပကြရာ         မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းနှင့် အဖွဲဝင်များက တက်ရောက်အားပေးကြသည်။


    အဆိုပါ ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား (၆)သင်း အမျိုးသမီး (၄) သင်း တို့မှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာပထမပြိုင်ပွဲအဖြစ် ဟိန်းလင်းအောင်ခေါင်းဆောင်သောအသင်းနှင့် မောင်ခင်ရွှေ ခေါင်းဆောင်သောအသင်တို့ကစားခဲ့ကြရာ ဟိန်လင်းအောင်အသင်းမှ (၃)ပွဲပြတ် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲအဖြစ်ဆက်လက်၍ ရဲနိုင်ဝင်းအသင်းနှင့် ပိန်ကျော်ခေါင်းဆောင်သောအသင်းတို့မှ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။


    ထိုပြိုင်ပွဲကို (၃၁-၁၂-၂၀၂၂) ရက်နေ့မှ (၃-၁-၂၀၂၃)ရက်နေ့ထိကျင်းပသွားမည်ဖြစ်ပြီး နောက်ဆုံးဗိုလ်စွဲသောအမျိုးသးအသင်းနှင့်အမျိုးသမီးအသင်းတို့အား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။



အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)