ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းလျက်ရှိသည့် ရေပုတ်ကြီးကျေးရွာအား အာစီယံနိုင်ငံများနှင့် အနောက်နိုင်ငံများပါ လာရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းလျက်ရှိသည့် ရေပုတ်ကြီးကျေးရွာအား အာစီယံနိုင်ငံများနှင့် အနောက်နိုင်ငံများပါ လာရောက်လေ့လာ






MNP  -   ဒီဇင်ဘာ ၃၀

ရေပုတ်ကြီးကျေးရွာသည် ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားကာ ထိန်းသိမ်းလျက်ရှိသောကြောင့် ဆံရစ်ဝိုင်းထားရှိပုံနှင့် ဆင်ယင်ထုံးဖွဲ့မှု ဓလေ့များကို အာစီယံနိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အနောက်နိုင်ငံများကပါ လာရောက် လေ့လာလျက်ရှိကြသည်။


ဆံရစ်ဝိုင်းရွာဟု တင်စားခေါ်ကြသော ရေပုတ်ကြီးရွာသည် ပွင့်ဖြူမြို့နယ်၏ အနောက်မြောက်ဘက် (၇) မိုင်အကွာတွင် တည်ရှိပြီး ရှေးအခါက ရွာ၏အရှေ့ဘက်တွင် တည်ရှိသော ရေကန်ကြီးသည် ငှက်တစ်ကောင်၏ အစာဇလုတ်ပုံသဏ္ဍန် ဖြစ်နေသောကြောင့် ရေဇလုတ်ကြီးရွာဟု ခေါ်တွင်ရာမှ ကာလရွေ့လျောလာသည့်အခါ ရေပုတ်ကြီးရွာဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။


ရေပုတ်ကြီးကျေးရွာကို ပွင့်ဖြူမြို့နယ် ရှောက်တောရွာ တမံပေါင်အတိုင်းသွားပါက ကျောင်းကုန်းကြီး ကျေးရွာအထိ (၃)မိုင် ကွာဝေးပြီး၊ ကျောင်းကုန်းကြီးကျေးရွာမှ ဆက်လက် ထွက်ခွါပါက ရေပုတ်ကြီးကျေးရွာ အထိ (၄) မိုင်သွားရကြောင်း သိရသည်။


ရေပုတ်ကြီးကျေးရွာသည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုကို အစဉ်လေးစား တန်ဖိုးထားကာ လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သော ကျေးရွာ တစ်ရွာဖြစ်သည်။ ဆံရစ်ဝိုင်း ထုံးဖွဲ့မှုကို အသက် (၅) လ အရွယ်မှ စတင်ကာ ယောက်ျားလေး၊ မိန်းကလေး အကုန်ထားကြပြီး ဆံရစ်ဝိုင်းထားသူဦးရေ (၆၀၀) ကျော် (၇၀၀) ဝန်းကျင်ရှိကြောင်း သိရသည်။ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဆံရစ်ဝိုင်း စီရင်ထုံးဖွဲ့မှုကို ငါးမျိုးထားရှိပြီး လသား အရွယ်မှာ ဦးစမုတ်ပုံစံ၊ အသက် (၃) နှစ်မှ (၄) နှစ်အတွင်း ကြက်တောင်စည်းပုံစံ၊ အသက် (၅) နှစ်မှ (၆) နှစ်အရွယ် ဆံရစ်ဝိုင်းပုံစံ၊ အသက် (၁၆) နှစ်မှာ ဂျပန်ဆံတောက်ပုံစံနှင့် အသက် (၁၇) နှစ်မှ (၁၈) နှစ်အရွယ်တွင် နောက်ကောက်ပုံစံဟူ၍ ထုံးဖွဲ့ ထားလေ့ရှိကြသည်။


ရေပုတ်ကြီးကျေးရွာတွင် ဆံရစ်ဝိုင်းအမျိုးသမီး အဖွဲ့အစည်းများကို ၂၀၁၅ ခုနှစ်မှ စတင်ကာ ဖွဲ့စည်းထားကြောင်း သိရပြီး ရွာ၏ ဆံရစ်ဝိုင်းထားရှိသည့် ဓလေ့ကို မပျောက်ပျက်အောင် ကျေးရွာမှာရှိတဲ့ ရပ်မိ၊ ရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ဝိုင်းဝန်း၍ ထိန်းသိမ်း စောင့်ရှောက်ထားကြသည်။ ရွာအဝင်တွင် မဏိစည်သူမင်းကြီးနှင့် မိဖုရားကြီးကိုယ်တိုင် လာရောက်ဖူးမြော်ကြတဲ့ ဧရာသုခ ကိုးတောင်ပြည့်စေတီ (ခေါ်) ရတနာဦး စေတီတော်မြတ်အား လာရောက် ဖူးမြော် ကြည်ညိုနိုင်ကြသည့်အပြင် ဘုရား၊ ကျောင်းဇရပ်၊ ရေကန်များနဲ့ ပနာတင့်နေသည့်အပြင် ရှေးမြန်မာဘုရင်များလက်ထက်မှ ယနေ့တိုင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို တန်ဖိုးထားကာ ဓလေ့ထုံးတမ်းများကို လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သည့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှ ရေပုတ်ကြီးကျေးရွာသို့ အာစီယံနိုင်ငံများ၊ အနောက်ဥရောပ နိုင်ငံများနှင့် ကမ္ဘာလှည့်ခရီးသွားများပါ လာရောက် လေ့လာလျက်ရှိကြကြောင်း သိရသည်။


ဇေယျာထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)