မြောက်ဦးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များ၌ မြင်းပျံမြေဩဇာအိတ်ထဲတွင် အရည်အသွေး နိမ့်မြေဩဇာ များထည့်သွင်းပြီး တုပရောင်းချနေမှုရှိ ၊ မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များ၌ မြင်းပျံမြေဩဇာအိတ်ထဲတွင် အရည်အသွေး နိမ့်မြေဩဇာ များထည့်သွင်းပြီး တုပရောင်းချနေမှုရှိ ၊ မရှိ ကွင်းဆင်းစစ်ဆေး





MNP -  ဒီဇင်ဘာ ၂၆

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များ၌ မြင်းပျံမြေဩဇာ အိတ်ထဲတွင် အရည်အသွေး နိမ့်မြေဩဇာ များထည့်သွင်းပြီး တုပရောင်းချနေမှုရှိ ၊ မရှိ စီးပွားရေးလုပ်ငန်း ရှင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နေ့လည်  ၂ နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများမှ အဆိုပါ အရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်မှုကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမောင်သိန်းဦးဆောင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မင်းထွန်း ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးမောင်မောင် ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းဝင်း နှင့် တာဝန်ရှိသူများမှ ဓါတ်မြေဩဇာအရောင်းဆိုင်များ၌ ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့် မြေဩဇာများကို ထိုင်းနိုင်ငံပြည်တွင်းသုံး မြင်းပျံအိတ် ခွံများဖြင့်ပြန်လည်ထုပ်ပိုးပြီး ICP မြင်းပျံမြေဩဇာ အတုများပြုလုပ်လျက် ဈေးကွက် ထဲတွင် ဖြန့်ဖြူးရောင်းချနေခြင်းရှိ ၊ မရှိ တို့ကို မြောက်ဦးမြို့ စီးပွားရေးလုပ်ငန်းရှင်များအားသွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)