ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး


MNP - ဒီဇင်ဘာ ၂၆ 

ဒေသခံတိုင်းရင်းသားပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်းသို့ လွယ်ကူ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ (၅၉.၉၅)သန်းဖြင့် တင်ဒါအောင်မြင်သော ထူးထိပ်တန်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မိုင်းလွေကျေးရွာ အုပ်စု၊ လောက်ကျန့်ကျေးရွာ ကုန်ထုတ်လမ်း(၁/၄)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် အရည်အသွေး ကောင်းမွန်ရေးအတွက် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။


ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်လင်းထွန်းနှင့် တာဝန်ရှိသူများက လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင် အလေးထားဆောင်ရွက်သွားရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားပြီး လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။


အဆိုပါ ကုန်ထုတ်လမ်းပြီးစီးပါက လောက်ကျန့်ကျေးရွာရှိ အိမ်ခြေ ၇၂၊ လူဦးရေ ၆၃၅ ဦး၏ လယ်/ယာမြေဧက (၁၁၀)ခန့်၏ သီးနှံများအား အချိန်တိုအတွင်း အလွယ်တကူ တင်ပို့ရောင်းချနိုင်ပြီး  ဝင်ငွေမြင့်မားလာကာ လူမူစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ခွန်ရဲထွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)