ရိုးရာဓလေ့ကို ဖော်ကျူးသည့်အနေဖြင့် နွားလှည်းတန်းဖြင့် ရွှေစက်တော်သို့ ဘုရားဖူးထွက်မည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရိုးရာဓလေ့ကို ဖော်ကျူးသည့်အနေဖြင့် နွားလှည်းတန်းဖြင့် ရွှေစက်တော်သို့ ဘုရားဖူးထွက်မည်


54


MNP  -    ဒီဇင်ဘာ  ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မင်းလှကျင်း ရွာသူ၊ ရွာသားများသည် ရွှေစက်တော်ဘုရားသို့ နွားလှည်းတန်းဖြင့် နှစ်စဉ်နှစ်တိုင်း ဘုရားဖူးထွက်လေ့ရှိပြီး ယခုနှစ်တွင်လည်း ယခင်နှစ်များအတိုင်း ရိုးရာဓလေ့ကို ဖောကျူးသည့်အနေဖြင့် နွားလှည်းတန်းဖြင့် ရွှေစက်တော်သို့ ဘုရားဖူးထွက်မည်ဖြစ်ကြောင်း မင်းလှကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုံးကြိုင် ထံမှ သိရသည်။


ရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာ နှစ်ဆန်း ၁ ရက်နေ့အထိ သုံးလတိုင်တိုင် ကျင်းပခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသော သမိုင်းဝင်တန်ခိုးကြီး ပါဒ စေတီတော်မြတ်ကြီးဖြစ်သည်။


မင်းလှကျင်း ကျေးရွာသည် အိမ်ခြေပေါင်း ၄၃၀ ကျော်ရှိပြီး ရွှေစက်တော်ဘုရားနှင့် ၁၃ မိုင်ကွာဝေးကာ နွားလှည်းမရှိသူများမှအပ ကျန်အိမ်ထောင်စုဝင်များအားလုံး ညီညီညွှတ်ညွှတ်ဖြင့် ဘုရားဖူးထွက်ကြသည့်ဓလေ့ရှိကြသည်။


နှစ်စဉ်မပျက် တပေါင်းလဆန်း ၁၃ ရက်မှ လပြည့်ကျော် ၃ ရက်အတွင်း ဘုရားဖူးထွက်လေ့ရှိကြပြီး ခုနှစ်ရက်တိုင် အောက်သောင်ပြင်ရေဆိပ်တွင် စခန်းချဖူးမြော်လေ့ရှိကြကြောင်း မင်းလှကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုံးကြိုင်က ပြောသည်။


မင်းလှကျင်းကျေရွာသည် မင်းဘူး(စကု)မြို့နယ်တွင် တည်ရှိပြီး ဘိုးဘေးဘီဘင် လက်ထက်မှ ယနေ့မျက်မှောက်ခေတ် ကာလအထိ ရှေးရိုးစဉ်လာမပျက် နွားလှည်းတန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဘုရားဖူးခဲ့ကြသည့် တစ်ခုတည်းသော ကျေးရွာဖြစ်သကဲ့သို့ ယခုနှစ်တွင်လည်း ရိုးရာဓလေ့ကို ဖော်ကျူးသည့်အနေဖြင့် နွားလှည်းတန်းဖြင့် ရွှေစက်တော်ဘုရားသို့ ဘုရားဖူးထွက်အုံးမည် ဖြစ်ကြောင်းလည်း သိရသည်။


ဇေယျာထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages