ဘူးသီးတောင်မြို့၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ






MNP  -  ဒီဇင်ဘာ ၂၁

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ပြန်ကြားရေးနှင့်ပြည်သူ့

ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၁) နာရီကအချိန်ကအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊မေယုရတနာခန်း မ၌ကျင်းပခဲ့သည်။ 


အဆိုပါအခမ်းအနားတွင်မြို့နယ်ပညာ ရေးမှူးဦးမောင်တင်အောင်ကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များပြောကြားရာလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် ၊ နုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်များအချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် စဉ်းစားတွေးခေါ်မှုစွမ်းရည်များရှင်သန်လာစေရန်နှင့် ကိုယ်ကျင့် တရားကောင်းမွန်သည့်လူတော်လူကောင်းများပေါ်ထွန်းလာပြီးအနာ ဂတ်နိုင်ငံတော်ကို ဦးဆောင်မည့်လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည် ရွယ်၍ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး အမှတ်(၁)အခြေ ခံပညာ အထက်တန်းကျောင်းမှကျောင်းအုပ်ဆရာကြီးဦးကြည်ဝင်းမှလူငယ်စကားဝိုင်းကျင်းပခြင်းအပေါ်ကျေးဇူးတင်စကားပြောကြားခဲ့သည်။


ထို့နောက်လူငယ်စကားဝိုင်းကိုဆက် လက်ကျင်းပရာ ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့်အထက( ၁)ဘူးသီးတောင်နှင့်အထက( ၂)ဘူးသီးတောင်ကျောင်းများမှကျောင်းသား၊ ကျောင်းသူလေးများကလူငယ်နှင့် ပညာရေး၊လူငယ်နှင့်ပေါင်း သင်းဆက်ဆံရေး၊လူငယ်နှင့်ကျန်းမာ ရေး၊လူငယ်နှင့်ယဥ်ကျေးမှုစသည့် ခေါင်းစဉ်များဖြင့်အသီးသီးဦးဆောင် ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာသောကျောင်းသား၊ ကျောင်း သူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။


လူငယ်စကားဝိုင်းသို့ မြို့နယ်ပညာရေးမှူးဦးမောင်တင်အောင်နှင့်ဆရာ/ဆရာများ၊ကျောင်းသား/ ကျောင်းသူစုစု ပေါင်း(၂၁၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)