မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကျင်းပ


29

30

31

32


MNP   -   ဒီဇင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ အသိပညာ ပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ဝသဲရပ်ကွက် အ.မ.က (မူလွန်) ကျောင်း၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေး မှ သစ်ပင်စိုက် ပျိုးခြင်း၏အကျိုးကျေးဇူးများအကြောင်းကို ဟောပြောရာတွင် သစ်ပင် စိုက်ပျိုးခြင်းသည် လူသားတို့ အားလုံး ရှင်သန်ရပ်တည်နိုင်ရေးအတွက် ရာသီဥတုမျှတခြင်းသည် အဓိက အချက်ဖြစ်သည်။ သစ်တောသစ်ပင်များကြောင့် လူသားနှင့် တိရစ္ဆာန်များစွာ ရှင်သန်နေထိုင် နိုင်ခြင်းဖြစ်သည်။ မိမိတို့နေထိုင်သော ကမ္ဘာကြီးတွင် ဒီရေတော၊ အမြဲစိမ်း သစ်တောများ ယို ယွင်းပျက်စီးလာနေပြီဖြစ်သည်။ ယင်းကဲ့သို့ ပြန်းတီးမှုများပြားလာခြင်းကို မိမိတို့ကပြန် လည်ပြုပြင်ထိန်းသိမ်းရန်အတွက် သစ်ပင်၊ သစ်တောများ ပြန်လည်စိုက်ပျိုးမှုများပြုလုပ်မှ သာလျှင် ရာသီဥတုမျှတမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြော ကြားခဲ့သည်။


ဆက်လက်၍ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်မမဌေး မှလည်း စွန့်ပစ်ပစ္စည်းနှင့် ပတ်ဝန်း ကျင်အပေါ်အကျိုးသက်ရောက်မှုများ ခေါင်းစဉ်ဖြင့်ပြောကြားရာတွင် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန်အလွန်အရေးကြီးသည်။ အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းသည် ပတ်ဝန်းကျင်ကို အလွန်ထိခိုက်စေနိုင်ပါသည်။ စွန့်ပစ်အမှိုက်များကို မိမိတို့နေထိုင် သော ပတ်ဝန်းကျင်တွင် ထားရှိသော အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်ကြရန် နှင့် မိမိတစ်ဦး တစ်ယောက်ကြောင့် ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမဖြစ်စေရန် စသည့်အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အသိပညာဟောပြောပွဲသို့ ကျောင်းသူ၊ကျောင်းသား (၈၅) ဦးခန့်တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာ စောင်များနှင့် စာသင်ကျောင်းတွင်လိုအပ်လျှက်ရှိသော အမှိုက်ပုံးများ ကိုလည်း ပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages