ပုပ္ပားတောင်မကြီးပေါ်သို့ ဒီဇင်ဘာလအတွင်း တောင်တက်သူ ၂၀၀၀ ကျော်ရှိပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုပ္ပားတောင်မကြီးပေါ်သို့ ဒီဇင်ဘာလအတွင်း တောင်တက်သူ ၂၀၀၀ ကျော်ရှိပြီဖြစ်




MNP-    ဒီဇင်ဘာ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင် ခန့်အကွာတွင်တည်ရှိသော ကမ္ဘာကျော်မီးငြိမ်းတောင်တစ်လုံးဖြစ်သည့် ပုပ္ပားတောင်မကြီးတွင် ဒီဇင်ဘာလရောက်တိုင်း တောင်တက်ပွဲများပြုလုပ်လျက်ရှိရာ ယခုနှစ်အတွင်း ပါဝင်တက်ရောက်သူ ၂၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။


အဆိုပါပုပ္ပားတောင်တက်ခြင်းကို ကျောက်ပန်းတောင်းပတ်ဝန်းကျင်မြို့များဖြစ်သည့် မကွေး၊ ရေနံချောင်း၊ ချောက်၊ စလေ၊ တောင်သာ၊ မိတ္ထီလာ၊ ငါ့သရောက်၊ညောင်ဦး၊ ပုဂံမြို့၊ ဝဲလောင်၊ ပုပ္ပားလွင်ရွာ၊ ကံဇာတ်ကုန်းရွာ၊ အင်ချောင်းရွာနှင့် ကျောက်ပန်းတောင်းမြို့မှ တောင်တက်ဝါသနာရှင်များ တက်ရောက်ကြကြောင်းသိရသည်။ တောင်တက်သူအများစုသည် မိတ်ဆွေပေါင်းသင်းများနှင့် တက်ရောက်လာခြင်း၊ မိသားစုလိုက် တက်ရောက်ကြခြင်းများ ရှိကြကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်မကြီးပေါ်သို့ ဒီဇင်ဘာလတစ်လလုံး နေ့စဉ်တောင်တက်သူများရှိသကဲ့သို့ တောင်တက်လမ်းတစ်လျှောက် ရေသန့်၊ ကြာဇံဟင်းခါး၊ ယမ်ယမ်ခေါက်ဆွဲပြုတ်များ၊ သစ်သီးမျိုးစုံ၊ အကြော်မျိုးစုံရောင်းချသူများလည်းရှိကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း တောင်တက်သူအများဆုံး လာရောက်နိုင်သည့်ရက်များလည်း ဖြစ်ကြောင်း ဒေသခံဈေးသည်များက ပြောကြားသည်။


တောင်တက်သူများသည် အမြင့်ပေ ၄၃၀၀ ခန့်ရှိ နွားလပို့(ဗိုဘ့်)တောင်၊ အမြင့်ပေ ၄၆၀၀ ခန့်ရှိ ဆေးမွန်တောင်၊ ၄၇၅၅ ပေရှိ စပါးပုံတောင်နှင့် ပုပ္ပားတောင်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် မှန်ပြတောင် ၄၉၈၁ ပေရှိ တောင်များသို့ တက်ရာက်ခဲ့ကြကြောင်း သိရသည်။


ကိုကြေးမုံ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)