အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် တက်ရောက်




MNP ၊ ဒီဇင်ဘာ ၂၀

အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေး (ASEAN+3 Finance and Central Bank Deputies’ Meeting - AFCDM+3) ကို ယနေ့နံနက် (၈) နာရီခွဲတွင် Video Conferencing စနစ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် တက်ရောက်သည်။


ဦးစွာ ကမ္ဘာ့စီးပွားရေးအလားအလာ (Global Macroeconomic Outlook) ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF) ကလည်းကောင်း၊ ဒေသတွင်း စီးပွားရေးအလားအလာ (Regional Macroeconomic Outlook) ကို အာဆီယံ+၃ မေခရိုစီးပွားရေး သုတေသနရုံး (ASEAN+3 Macroeconomic Research Office - AMRO) ကလည်းကောင်း၊ အာဆီယံ+၃ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘဏ္ဍာငွေဖြည့်ဆည်းမှု (Financing Sustainable Development in ASEAN+3) ခေါင်းစဉ်ဖြင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank - ADB) ကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ယင်းသို့အမြင်ချင်းဖလှယ်ဆွေးနွေးရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးနှင့် ငွေရေးကြေးရေးအခြေအနေများနှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ဆွေးနွေးသည်။


ဆက်လက်၍ အာဆီယံ+၃ ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (AMRO) ၏ ၂၀၃၀ ပြည့်နှစ်အတွက် မဟာဗျူဟာဆိုင်ရာလမ်းညွှန်ချက်များနှင့် ဒေသတွင်း ဗဟုသုတလေ့ လာရေးဆိုင်ရာ အချက်အချာ၊ ဝန်ထမ်းများ၏ အကျိုးခံစားခွင့်များ၊ ဘတ်ဂျက်နှင့် ဝန်ထမ်းခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များ၊ ကာလလတ်အကောင်အထည်ဖော်မှုအစီအစဉ် (၂၀၂၃-၂၀၂၅) နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် အာဆီယံ+၃ အနာဂတ်ဦးစားပေးအစီအစဉ်များ (ASEAN+3 Future Initiatives) တို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ချင်းမိုင်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေး (Chiang Mai Initiative Multilateralization - CMIM) အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်တွင်းသုံး ငွေကြေးထည့်ဝင်မှု၊ မာဂျင်သတ်မှတ်မှုဆိုင်ရာ လမ်းညွှန်ချက်များ၊ (၁၃) ကြိမ်မြောက် အစမ်းလေ့ကျင့်မှု အစီအစဉ်တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ အာဆီယံ+၃ အာရှငွေချေးစာချုပ် ဈေးကွက်အစီအစဉ် (Asian Bond Markets Initiative) တို့နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြပြီး အာဆီယံ+၃ ဒုတိယအကြီးအကဲများက အတည်ပြုရန်အချက်များအပေါ် အတည်ပြုပေးခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)