အိမ်တိုင်ရာရောက် မွေးကင်းစကလေးပြုစု စောင့်ရှောက်ခြင်းသင်တန်း ကျိုက်ထိုမြို့နယ်၌ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်တိုင်ရာရောက် မွေးကင်းစကလေးပြုစု စောင့်ရှောက်ခြင်းသင်တန်း ကျိုက်ထိုမြို့နယ်၌ ဖွင့်လှစ်




MNP  -   ဒီဇင်ဘာ ၂၅

အိမ်တိုင်ရာရောက် မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မြို့နယ်အဆင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ တက်ရောက်ခဲ့ကြသည်။


သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခွန်မောင်အိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အိမ်တိုင်ရာရောက် မွေးကင်းစ ကလေးပြုစုစောင့်ရှောက်ခြင်း သင်တန်းသို့ ကျိုက်ထိုမြို့နယ်အတွင်းရှိအခြေခံကျန်းမာ ရေးဝန်ထမ်းများ၊ရပ်ကွက်/ကျေးရွာနေအရန်သားဖွား ဆရာမများနှင့်ကျန်းမာရေး အသိရှိသည့် စေတနာရှင်စုစုပေါင်း(၄၄)ဦးတက် ရောက်ပြီး သင်တန်းနည်းပြ ဆရာမများအဖြစ် မိခင်နှင့်ကလေး‌စောင့် ရှောက်ရေးကျန်းမာရေးဌာနမှ ဆရာမ ဒေါ်‌စန်းစန်းအေး၊ ဒေါ်ဝင်းဝင်းလှ၊ ဒေါ်သင်းလဲ့ဦး၊ ဒေါ်ဆုမြတ်တင်စိုးတို့မှ ဒီဇင်ဘာ ၂၄ ရက်နေ့မှ ဒီဇင်ဘာ ၂၈ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ (၅)ရက် ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)