လပွတ္တာမြို့၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစုပံ့ပိုးပစ္စည်းများပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လပွတ္တာမြို့၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစုပံ့ပိုးပစ္စည်းများပေးအပ်

113


MNP  -    ဒီဇင်ဘာ   ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအား စုပံ့ပိုးပစ္စည်းများဖြစ်သည့် (ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖျန်းမြေသြဇာနှင့်ယူရီးယား မြေသြဇာ) ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူးဦးစိန်မောင်မြင့်က နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအား စုပံ့ပိုးပစ္စည်းများကို တောင်သူများလက်ဝယ်အရောက် ပေးအပ်ရခြင်း ရည်ရွယ် ချက်အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တာဝန်ရှိသူများမှ နွေစပါးနှင့် ပဲတီစိမ်းစိုက်တောင်သူ ကိုယ်စားလှယ်များထံသို့ နွေစပါးစိုက်ပျိုးရန်ဧက (၁ဝဝ)နှင့်ပဲတီစိမ်းဧက (၁၀၀)အတွက် ယူရီးယားမြေဩဇာ (၂၀၀) အိတ်နှင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွက်ဖြန်းမြေဩဇာအစုံ (၁၀၀)ဗူးတို့အား ပေးအပ်ခဲ့သည်။


အခမ်းအနားသို့ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၊ စိုက်ပျိုးရေး ဦးစီဌာန တိုင်းဒေသကြီးဦးစီးမူးဦးစိန်မောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးသူရ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages