(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဇယ်မကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်း စက်ရေတွင်းသစ် ဖွင့်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဇယ်မကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်း စက်ရေတွင်းသစ် ဖွင့်ပွဲကျင်းပ


70

71


MNP  -  ဒီဇင်ဘာ ၂၈

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဇယ်မအုပ်စု၊ ဇယ်မကျေးရွာတွင်ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုရန်ပုံငွေဖြင့် ဇယ်မကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်း စက်ရေတွင်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းက အဖွင့်အမှာစကား ပြောကြားပြီး ရွှေတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသူက စက်ရေတွင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ဇယ်မကျေးရွာသူ/ ကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မင်္ဂလာအချိန်တွင် ဇယ်မကျေးရွာ ​ကျေးလက်ရေရရှိရေးလုပ်ငန်း စက်ရေတွင်းတူးဖော်ခြင်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။ အဆိုပါလမ်းအား၂၀၂၂ - ၂၀၂၃ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ( ၂၂.၅၀) ကျပ်သန်းဖြင့် (၄.၅) လက်မတွင်းတိမ်တူးဖော်ခြင်းနှင့် ဂါလံ (၂၄၀၀) ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ဆိုလာပန့်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages