စဉ့်ကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး


 




MNP  -     ဒီဇင်ဘာ    ၂၉ 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးခြင်းကို စဉ့်ကူးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ကာကွယ်ဆေးများ ထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှု ရရှိစေရန် ရည်ရွယ်၍ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေးအဖွဲ့များ ဖွဲ့စည်း၍ စဉ့်ကူးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်များအလိုက် ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။


စဉ့်ကူးမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၄၀)ကျောင်းရှိရာအသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား၊ ကျောင်းသူ (၄၅၄၀)ဦးနှင့် အသက် ၁၂ နှစ်မှ ၁၈ အထိ ကျောင်းသား၊ ကျောင်းသူ (၁၉၇၁)ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ (၆၅၁၁)ဦးတို့အား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ပြီး ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာကျောင်းများအလိုက် ထပ်ဆောင်းကာကွယ်ဆေးများဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)