ရသေ့တောင်မြို့နယ်တွင်မေယုရင်ငွိ့လူမှုကူညီရေးအသင်း(မယူကမ်းဒေသ)၊၏(၅)ကြိမ်‌‌မြောက်တက္ကသိုလ်ဝင်တန်းထူးချွန်ဂုဏ်ပြုပွဲနှင့်အသင်းနှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်တွင်မေယုရင်ငွိ့လူမှုကူညီရေးအသင်း(မယူကမ်းဒေသ)၊၏(၅)ကြိမ်‌‌မြောက်တက္ကသိုလ်ဝင်တန်းထူးချွန်ဂုဏ်ပြုပွဲနှင့်အသင်းနှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ





MNP -  ဒီဇင်ဘာ ၂၆

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင်မေယုရင်ငွိ့လူမှုကူညီရေးအသင်း(မယူကမ်းဒေသ)၊၏(၅)ကြိမ်‌‌မြောက်တက္ကသိုလ်ဝင်တန်းထူးချွန်ဂုဏ်ပြုပွဲနှင့်အသင်းနှစ်ပတ်လည်နေ့အခမ်းအနားကို ယမန့်က အထက(ခွဲ)မင်းဖူကျောင်းခံဝင်းအတွင်း၌ကျင်းပပြုလုပ်ခဲ့သည်။


 အခမ်းအနားသို့ မောင်တော ခရိုင်ပညာရေးမှူး(ငြိမ်း) ဆရာကြီးဦးခင်အောင်နှင့်ကျေးရွာအသီးသီးမှကျောင်းအုပ်ကြီးများ၊မြို့မနယ်‌မြေပညာရေးဖွိ့ဖြိုးတိုးတက်မှုဖောင်ဒေးရှင်း၊ကျောက်တန်းနယ်မြေဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ရသေ့တောင်မြို့နယ်လူငယ်များကွန်ယက်

(RYN)၊စေတီပြင်ပရဟိတလူငယ်များအပါအဝင်လူမှုရေးအသင်းအဖွဲ့(၂၀)ခန့်တက်ရောက်ခဲ့ကြသည်။


     ဆုပေးပွဲတွင်ရသေ့တောင်မြို့နယ် မယူကမ်းဒေသမှ (၅)ဘာသာဂုဏ်ထူးရှင်၊(၃)ဘာသာဂုဏ်ထူးရှင်၊(၂)ဘာသာဂုဏ်ထူးရှင်(၁)ဘာသာဂုဏ်ထူးရှင်၊စုစုပေါင်းဂုဏ်ထူးရှင်(၁၇၀)ဦးအားဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြသည်။ယင်းအခမ်းအနားတွင်  ရခိုင်ဒေသထွက် ကဗျာ၊ဆောင်းပါး၊ဝတ္ထုစာအုပ်အမျိုးပေါင်း(၁၀၀)ခန့်အားပြသရောင်းချထားပြီး မယူကမ်းဒေသ၏သမိုင်းဝင်ဘုရားစေတီများနှင့်သဘာဝရှူခင်းဓါတ်ပုံများပြသထားသည်။မေယုရင်ငွိ့လူမှုကူညီရေးအသင်းသည် ၂၀၁၇ခု၊ဩဂုတ်လတွင်စတင်ပေါ်ပေါက်လာခဲ့ပြီး‌ ဒေသ၏ကျန်းမာရေး၊ပညာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်နေသောအသင်းဖြစ်ကြောင်းမေယုရင်ငွိ့ အသင်း၏ ဒုဥက္ကဌ ဦးချမ်းငြိမ်း ထံမှသိရှိရပါသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)