(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၌ ကံ့ကော် (၃) (၄) (၅) (၆) (၇) ကွန်ကရစ်လမ်းသစ် (၅)လမ်းအားဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၌ ကံ့ကော် (၃) (၄) (၅) (၆) (၇) ကွန်ကရစ်လမ်းသစ် (၅)လမ်းအားဖွင့်လှစ်

 



MNP - ဒီဇင်ဘာ ၁၇


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဘားအံမြို့နယ်စည်ပင်သာယာရေး အဖွဲ့မှဆောင်ရွက်သော ဘားအံမြို့၊ လှာကမြင်ကွက်သစ်၌ ကံ့ကော် (၃) (၄) (၅) (၆) (၇)လမ်း၊ ကွန်ကရစ်လမ်းသစ် (၅)လမ်းဖွင့်ပွဲက ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က အဆိုပါလမ်းသစ်များ မုခ်ဦးတည်နေရာ၌ ကျင်းပသည်။


ဘားအံမြို့၊ လှာကမြင်ကွက်သစ်သည် ယခင်(၁၀)နှစ်ခန့်က ဘားအံမြို့၏ တိုးတက်လာသော လူဦးရေ၊ ခရီးသွားလုပ်ငန်းနှင့် မြို့အတွင်းလူနေသိပ်သည်းလာသည့်အတွက် လိုအပ်ချက်အရ လမ်း၊တံတား၊လျှပ်စစ်ဓာတ်အား၊ အားကစားကွင်း၊ ဈေး၊ ကားဂိတ်၊ ရဲစခန်း မီးသတ်စခန်း၊ ပန်းခြံများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ ဆောင်ရွက်ခဲ့သော မြို့ကွက်သစ်တစ်ခုဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဇွဲကပင်နိုင်ငံတကာအဆင့်မီ အားကစားကွင်းကြီးကို တည်ဆောက်ပေးခဲ့သကဲ့သို့ ယခင်အမာခံလမ်းများပေါ်တွင် ကတ္တရာလမ်း(၇)လမ်း၊ ကွန်ကရစ်လမ်း(၁၅)လမ်းထိ ဆောင်ရွက်ပေးနိုင်ခဲ့ကာ အဘက်ဘက်မှ တိုးတက်နေသော ရပ်ကွက်ကြီးတစ်ခုအဖြစ် မြင်တွေ့နေရပြီဖြစ်သည်။


ကွန်ကရစ်လမ်းသစ်များဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဘားအံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်လင်းထွန်းက ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ကွန်ကရစ်လမ်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူတို့က ကံ့ကော် (၃) (၄) (၅) (၆) (၇)လမ်း၊ ကွန်ကရစ်လမ်းသစ်များအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး လမ်းသစ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - စောအေးချမ်း


မြန်မာနေရှင်နယ်ပိုစ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)