အမ်းမြို့နယ် အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေးအန္တရာယ်အသိ ပညာပေးဟောပြော ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေးအန္တရာယ်အသိ ပညာပေးဟောပြော ပွဲကျင်းပ




MNP  - ဒီဇင်ဘာ ၂၉

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း(မြန်မာ)တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က ပဲပဒုံကျေးရွာ အခြေခံ ပညာမူလတန်းလွန်ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။


 အဆိုပါသဘာဝဘေး အန္တရာယ် အသိပညာပေးဟောပြောပွဲတွင်အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသားကျောင်း သူများအား မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေထားဇော်က ငလျင်ဘေးအတွက်ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဥ်တွင်လိုက်နာရန်အ ချက်များ၊ငလျင်လှုပ်နေစဥ်တွင် ရှောင်ရှား သင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အ ချက်များ၊ ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ၊ သဘာဝဘေး အန္တရာယ်နှင့်ပတ် သက်၍ အသိပညာပေးဟောပြောဆွေး နွေးခဲ့သည်။


ဆက်လက်၍ LWF လူသရမ်ဝေါလ်ဖက်ဒရေးရှင်း(မြန်မာ)မှ စီမံ ကိန်းအရာရှိ ဦးစည် သူက လူသရမ်ဝေါလ်ဖက်ဒရေးရှင်း (မြန် မာ)အဖွဲ့ ဖြစ်ပေါ် လာပုံအကြောင်း၊ ကလေး သူငယ်(ဥပဒေ)နှင့်ပတ်သက်၍ ဆွေးနွေးဟောပြောပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးလှောင်က ကလေးသူ ငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောဆွေး နွေးခဲ့ကြောင်းသိရ

သည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)