(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်



MNP  -  ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီးဝန်းကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့်ဖျာပုံမြို့ အမှတ် (၁၂)ရပ်ကွက်၊ (၅)လမ်း၊ မာလာမြိုင်လမ်းနှင့် သီရိမြိုင်လမ်းကြားကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းအချိန်က အဆိုပါ မုဒ်ဦးရှေ့၌ ကျင်းပရာတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပရာတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်း၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါဖျာပုံမြို့၊ အမှတ် (၁၂)ရပ်ကွက်၊၅ လမ်း၊ မာလာမြိုင်လမ်းနှင့် သီရီမြိုင်လမ်းကြား ရှိကွန်ကရစ်လမ်းသစ်လမ်းအပိုင်း (၁)နှင့် လမ်းအပိုင်း(၂)ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့်လမ်းပိုင်း (၁)ကို လူထုဂရု(ပ်)ကုမ္ပဏီနှင့်လမ်းပိုင်း (၂)ကို ပြည့်စုံချမ်းသာကုမ္ပဏီတို့က စုစုပေါင်း ကုန်ကျငွေကျပ်သန်းပေါင်း (၁၀၇.၃၈၅) အကုန်ကျခံခင်းကျင်းခဲ့ပြီး လမ်းအရှည် (၁၇၂၄)ပေ၊အကျယ် (၂၀)ပေ၊လမ်းထု (၈)လက်မ ရှိ ကွန်ကရစ်လမ်းသစ်ကြီးကို ခင်းကျင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အောင်ဝင်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)