မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘော်လီဘောပြိုင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘော်လီဘောပြိုင်ကျင်းပ




MNP -     ဒီဇင်ဘာ   ၃၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို  ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီက ရမည်းသင်းမြို့အောင်မင်္ဂလာရပ်ကွက်ရှိ မီးရထားဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကိုကျင်းပကာ အားကစားသမားများအမျိုးသားရေးစိတ်ဓါတ်ဖြင့်ယှဉ်ပြိုင်ကစားပြီး ရင်နှီးချစ်ခင်စွာဖြင့် ပျော်ရွှင်စွာကစားကြရန်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။


အဆိုပါ ဘော်လီဘောပြိုင်ပွဲတွင် ရမည်းသင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ပြိုင်ပွဲဝင်(၂၂)သင်းဖြင့် အုပ်စုပတ်လည်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပထမနေ့အဖြစ် မြို့မအုပ်စုအသင်းနှင့် ကတင်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ ရမည်းသင်းမြို့နယ်အတွင်း (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့၌ အပြေးပြိုင်ပွဲအာလူးကောက်၊ ချောတိုင်တက်ပြိုင်ပွဲစသည့် ပြိုင်ပွဲများကျင်းပမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံက သိရသည်။


 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို နေ့စဉ်ကျင်းပသွားမည်ဖြစ်ကာ ဆုရရှိသူများအား ၂၀၂၃ ခုနှစ်၊ လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဇော်ဝင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)