မှတ်ပုံတင်အတုကိုင်ဆောင်ထားသူ ဘင်္ဂါလီ ၁ ဦးနှင့် ပို့ဆောင်သူ ၁ ဦးကို ပဲပဒုံစစ်ဆေးရေးဂိတ်၌ ဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှတ်ပုံတင်အတုကိုင်ဆောင်ထားသူ ဘင်္ဂါလီ ၁ ဦးနှင့် ပို့ဆောင်သူ ၁ ဦးကို ပဲပဒုံစစ်ဆေးရေးဂိတ်၌ ဖမ်းမိ


MNP ၊ ၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပဲပဒုံစစ်ဆေးရေးဂိတ်၌ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကျောက်ဖြူမြိုမှ မင်းဘူးမြိုသို မောင်းနှင်လာသော "ဝင်းရွှေစင်" ခရီးသည်တင်မော်တော်ယာဉ်ကို စစ်ဆေးခဲ့ရာ ထွန်းထွန်းလှ အမည်ပါ မှတ်ပုံတင်အတုကိုင်ဆောင်ထားသူ ဘင်္ဂါလီတစ်ဦးနှင့် ၎င်းအား ခေါ်ဆောင်လာသူ လှမြင့် (ခ)အဘူရှာမား ဆိုသူတို့နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသဆိုင်ရာသတင်းအရ သိရသည်။


မှတ်ပုံတင်အတုကိုင်ဆောင်သူ၏ အမည်ရင်းမှာ နူရ်ရူမီယာ(ခ)မောင်ဖြူ(ဘ) မေရ်ခါအာလီ၊ ဆင်တက်မော်ဒုက္ခသည်စခန်း ပေါက်တောမြို့နယ်နေသူဖြစ်ကြောင်းသိရပြီး မှတ်ပုံတင်အတုအတွက် ငွေကျပ် ၇ သိန်း ပေးခဲ့ရကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုသည်။


လက်ရှိတွင် ဖမ်းဆီးရမိတရားခံ ၂ ဦးကို အမ်းမြိုမရဲစခန်း၌ လဝကအက်ဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost


(PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ နှင့် ဆက်စပ်သော သတင်းများ မြန်မာနေရှင်နယ်ပို့စ် သို့ ပေးပို့လိုပါက Viber - 09668195528, Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)