သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်


MNP  -      ဒီဇင်ဘာ ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများတွေ့ဆုံ၍  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။   


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် (၃၅)ကြိမ်မြောက် စုပေါင်းမဟာပဌာန်းပူဇော်ပွဲကျင်းပနိုင်ရေး၊ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့(အကြို) ဖွင့်ပွဲပြုလုပ်နိုင်ရေးကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ပြိုင်ပွဲများပြုလုပ်၍ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၁- ဗိုလ်မှူးသက်ထွန်းဦးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစေရေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးခင်မောင်ထွန်းက နယ်မြေလူဦးရေစာရင်း အမှန်တကယ် ကြိုတင်ကောက်ယူရေးကိစ္စ၊ ကျေးရွာ/ရပ်ကွက်တို့၌ လွတ်လပ်ရေးနေ့မတိုင်မီ ဧည့်စာရင်းစစ်နိုင်ကြစေရေး၊ လုံခြုံရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရေးအသိပညာပေး ဆောင်ရွက်ရန်ပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ မိမိတို့နှင့်  သက်ဆိုင်သည့် လုပ်ငန်းများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


အေးအေးသီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)