(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ


MNP -  ဒီဇင်ဘာ ၂၆

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဇယ်မအုပ်စု၊ ရွာထင်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော ကျေးရွာတွင်းကွန်ကရစ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးနိုင်စိုးက အမှာစကားပြောကြားခဲ့သည်။


ထို့နောက် ရွာထင်ကျေးရွာသူ/ ကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မင်္ဂလာအချိန်တွင် ရွာထင်ကျေးရွာ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ အဆိုပါလမ်းအား၂၀၂၂ - ၂၀၂၃ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေ (၁၀)သန်းဖြင့်ဆောင်ရွက်ခဲ့ပြီး အရှည် (၁၀၂၀) ပေရှိကြောင်း သိရှိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)