တနင်္သာရီတိုင်းဒေသကြီး၊ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ပထမပတ်) စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး၊ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ပထမပတ်) စည်ကားသိုက်မြိုက်စွာ ကျင်းပ



MNP - ဒီဇင်ဘာ  ၄


ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ ကျင်းပသည်။


ထိုနောက် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးတင့်ရွှေက တာလွှတ်၍ ဖွင့်လှစ်ပေးပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများက ရွှေဝယ်သီရီအားကစားကွင်းအတွင်း ဝိုင်းပတ်၍ ၁ မိုင်ခွဲ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)ကို စုပေါင်း၍ ပြုလုပ်ခဲ့ကြသည်။


ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ(ပထမ)အပတ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးကောလိပ်မှ ကျောင်းသား/ ကျောင်းသူများl အခြေခံပညာ ကျောင်းများမှ  ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း ( ၁၂၀၀ ) ဦး ခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး ဒီဇင်ဘာအားကစားလ စုပေါင်း လမ်းလျှောက်ပွဲ ကို အပတ်စဉ်  စနေ နေ့တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများ အားကြည့်ရှုအားပေးပြီး ပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သော မသန်စွမ်းအားကစားသမား (၂၁)ဦးအား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၃၀၀၀၀) အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။


သတင်း -ကျော်ကျော်လတ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)