ညောင်ရွှေမြို့၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စတုတ္ထအကြိမ် အင်းလေးကန်ဖြတ် စက်ဘီးစီးနင်းပွဲ ပြုလုပ်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စတုတ္ထအကြိမ် အင်းလေးကန်ဖြတ် စက်ဘီးစီးနင်းပွဲ ပြုလုပ်မည်



MNP - ဒီဇင်ဘာ ၈


ရှမ်းပြည်နယ်၊ အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူပေါင်းဆောင်ရွက်မည့် စတုတ္ထအကြိမ် အင်းလေးကန်ဖြတ် စုပေါင်းစက်ဘီးစီးနင်းခြင်းကို ဒီဇင်ဘာ(၁၁)ရက်၌ ညောင်ရွှေမြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ စုပေါင်းစက်ဘီးစီးနင်းပွဲတွင် (၃၀)ကီလိုမီတာစီးနင်းခြင်းအတွက် ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းစုရပ်မှ ဖောင်တော်ဆိုက်လမ်း၊ လမ်းမတော်လမ်း၊ ရုံးကြီးလမ်း၊ မိုင်းသောက်လမ်း၊ မိုင်းသောက်တံတားမှ အင်းရေပြင်အား စက်လှေများဖြင့်ဖြတ်သန်းပြီး ခေါင်တိုင်- ပေါင်းပိုင်း- ညောင်ရွှေ တာပတ်လမ်းအတိုင်း စီးနင်း၍ လွတ်လပ်ရေးကျောက်တိုင်ကွင်းစုရပ်သို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပြီး (၁၅) ကီလိုမီတာစီးနင်းခြင်းအတွက် လွတ်လပ်ရေးကျောက်တိုင် ကွင်းစုရပ်မှ ဖောင်တော်ဆိုက်လမ်း၊ လမ်းမတော်လမ်း၊ ရုံးကြီးလမ်း၊ မိုင်းသောက်လမ်း၊ ရွှေလဖုန်းကျေးရွာ ဝိုင်ခြံလမ်းခွဲမှ ပြန်လည့်၍ လာရာလမ်းအတိုင်းပြန်လည်စီးနင်းပြီး လွတ်လပ်ရေးကျောက် တိုင်ကွင်းစုရပ်သို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ကြောင်းနှင့် စုပေါင်းစက်ဘီးစီးနင်းပွဲတွင် ပါဝင်ဆင် နွှဲသူများအား တောက်တက်စက်ဘီး(၅)စီးနှင့် အခြားဆုမဲများကို ကံစမ်းမဲဖောက် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုင်းအယ်ဘဲ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)