ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး ၊ ဆောင်းပါး နှင့် ကဗျာ ပြိုင်ပွဲများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး ၊ ဆောင်းပါး နှင့် ကဗျာ ပြိုင်ပွဲများ ပြုလုပ်




MNP  -   ဒီဇင်ဘာ   ၂၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၉ နာရီအချိန် က အမှတ်(၁) အခြေခံ ပညာ အထက် တန်း ကျောင်းတွွင် စာစီစာကုံး ၊ ဆောင်းပါး နှင့် ကဗျာ ပြိုင်ပွဲများ ကို ကျင်းပပြုလုပ်ခဲ့ရာ မောင်တော ခရိုင်စီမံ အုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့၀င်များ ၊ မြို့နယ်စီမံ အုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌ ဦး ကံထွန်း‌အောင်နှင့် အဖွဲ့၀င်များ ၊ ခရိုင်/ မြို့နယ်ပညာရေးမှူး နှင့် တာဝန်ရှိသူများက လှည့်ပတ်ကြည့်ရှု အားပေးကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင်  ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ် လပ် ရေးနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်း နှင့် အလယ်တန်းအဆင့် စာစီစာကုံး ၊ ဆောင်းပါး နှင့် ကဗျာ ပြိုင်ပွဲကို ကျင်းပပြု လုပ်ရာ အထက် တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ၉ ဦး က “ မိုးသို့လွင့်ပျံ လွတ်လပ်ရေးရဲ့ အသံ” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ အထက်တန်း အဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်း သား၊ကျောင်းသူ ၈ ဦး က “ လွတ်လပ် ရေး အမွေ ထိန်းစို့လေ”ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ အထက်တန်း အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ကျောင်း သား၊ကျောင်းသူ ၆ ဦး က “ ထိန်းသိမ်းစောင့်ရှောက်ကြရမည့် လွတ်လပ်ရေး”ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး  အလယ်တန်းအဆင့် စာစီ စာ ကုံး ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ  ၉ ဦး က “လွတ်လပ်ရေးနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ် တန်း အဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၃ ဦး က “စိန်ရတု လွတ် လပ်ရေးနေ့မှသည်”ခေါင်းစဉ်ဖြင့် ပါဝင် ယှဉ် ပြိုင် ခဲ့ကြသည်။ 


အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိ သည့် ကျောင်း သား၊ကျောင်းသူများကို ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက် နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ် လပ် ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆု များ အသီးသီး ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ 


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)