ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုအပေါ် ဆန့်ကျင်ရှုတ်ချကြောင်း နိုင်ငံရေးပါတီများ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုအပေါ် ဆန့်ကျင်ရှုတ်ချကြောင်း နိုင်ငံရေးပါတီများ ထုတ်ပြန်





MNP ၊ ဒီဇင်ဘာ ၂၄

၂၁-၁၂-၂၀၂၂ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် ဗြိတိန် က ဦးဆောင်တင်သွင်းခဲ့သော အဆိုနှင့် ပတ်သက်၍ USDP အပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီက ဆန့်ကျင်ရှုတ်ချကြောင်း ပူးတွဲသဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးပါတီ ၂၆ ပါတီ၏ ထုတ်ပြန်ချက်တွင် NLD ဦးဆောင်သူများဖွဲ့စည်းထားသည့် CRPH, NUG နှင့် ယင်းတို့၏ လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့များက ရဟန်းသံဃာများ၊ အလွှာအသီးသီးမှ အပြစ်မဲ့ လူထုလူတန်းစားများ၊ အမျိုးသမီးများ၊ ကလေးငယ်များအား ရက်စက်စွာသတ်ဖြတ်ခြင်း၊ လူနေအဆောက်အဦနှင့် နိုင်ငံပိုင်အဆောက်အဦ၊ လမ်း၊ တံတား စသည့်တို့အား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက်ခြင်း စသော အကြမ်းဖက်လုပ်ရပ်များကို ထောက်ပြပြောဆိုထားပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အဆိုသည် အမှန်တရားကို မျက်ကွယ်ပြုထားသော အချက်များ ပါဝင်သည်ကို ထောက်ပြပြောဆိုထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗြိတိန်က တင်သွင်းခဲ့သော အဆိုတွင် အကြမ်းဖက်မှုတွေအားလုံး ချက်ချင်းအဆုံးသတ်ရေးနဲ့ တင်းမာမှုတွေလျှော့ချဖို့၊ ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံတဝန်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု၊ အရပ်သားတွေအပေါ် နဲ့အရပ်ဖက်ဆိုင်ရာအခြေခံအဆောက်အဦတွေ တိုက်ခိုက်ခံရမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း စိုးရိမ်ကြောင်း ဖြင့်  တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အစိုးရအပေါ် မဟုတ်မမှန် စွပ်စွဲမှုတွေ ပါဝင်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် အခြေအနေမှာ NLD ဦးဆောင်သူများဖွဲ့စည်းထားသည့် CRPH, NUG နှင့် ယင်းတို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့နေရခြင်းဖြစ်ပြီး ကလုသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုတွင် အကြမ်းဖက်လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုမား ကြူးလွန်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများကို ကာကွယ်ရပ်တည်ပြီး အစိုးရအပေါ် ဖိအားပေး ပြောဆိုလာခြင်းဖြစ်သည့်အတွက် ဆန့်ကျင်ကန့်ကွက်မှုများ ထွက်ပေါ်လာခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)