ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ စာစီစာကုံးပြုင်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ စာစီစာကုံးပြုင်ပွဲကျင်းပ

64

65


MNP  -  ဒီဇင်ဘာ    ၂၇

   ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၉ နာရီက အလယ်တန်း၊ အထက်တန်းအဆင့် ဆောင်ပါး၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပကြသည်။


    ထိုသို့ကျင်းပရာတွင် အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲကိုစိန်ရတုလွတ်ရေးနေ့မှသည်.... ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲကို လွတ်လပ်ရေးနေ့ ဒို့မမေ့ ခေါင်းစဉ်တို့ဖြင့်လည်းကောင်း အထက်တန်းအဆင့်၌ဆောင်းပါးရေးသားရာတွင် ထိန်းသိမ်းစောင့်ရှောက်ကြရမည့် လွတ်လပ်ရေး ခေါင်းစဉ်နှင့်အတူ ကဗျာနှင့်စာစီစာကုံးတို့တွင်လွတ်လပ်ရေးအမွေ ထိန်စို့လေ နှင့် မိုးလွင့်ပျံလွတ်လပ်ရေးအသံ ခေါင်းစဉ်တို့ဖြင့်ကျင်းပပြုလုပ်ရာ အလယ်တန်းနှင့်

အထက်တန်းအဆင့်မှ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၃၃) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


    အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်ပါး၊ ကဗျာနှင့်စာစီစာကုံး ပြိုင်ပွဲတွင် ဆုအသီးသီးရရှိကြသည့် ကျောင်းသား/ကျောင်းသူများကို လွတ်လပ်နေ့အခမ်းအနားကျင်းပရာ၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages