နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (ကျောက်ဖြူ)၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ဖွင့်ပွဲ အခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (ကျောက်ဖြူ)၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ဖွင့်ပွဲ အခမ်းအနား ပြုလုပ်






MNP  -   ဒီဇင်ဘာ ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း(ကျောက်ဖြူ)၌သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါ စက်မှုလက်မှု ပညာသင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး သန့်ဇော်က ကျောက်ဖြူမြို့နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သဖြင့် ပင်လယ်ကမ်းခြေနှင့်နီးခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ မကြာခဏ ဖြစ်ပေါ်နေခြင်းကြောင့် သဘာဝဘေးဒဏ်ကို မကြာခဏခံစားနေကြရပါကြောင်း၊ မီးဘေး၊ ရေဘေး၊ လေဘေး စသည့်ဘေးများဖြစ်ပွားနိုင်ပြီး နှစ်စဉ်ရေကြီးရေလျှံမှုများ၊ မိုးကြိုးပစ်ခြင်းများ၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းတို့ကြောင့် လူ့အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သဖြင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် လူတစ်ဦးချင်းစီ၏ သိရှိမှုမှတစ်ဆင့် ပြည်သူလူထုအားလုံး၏ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းကို ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တက်ရောက်လာကြသည့် သင်တန်းသား/ သင်တန်းသူများမှလည်း သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးဒဏ် ကြံ့ကြံ့ခံရင်ဆိုင်နိုင်သော ဒေသအဖြစ် တည်ဆောက်ကြစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ခံအရာရှိက သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများကို အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး သန့်ဇော်၊  နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများ၊ သင်တန်းသားများ၊ စုစုပေါင်း အင်အား(၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး ၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)