စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဒီဇင်ဘာ အားကစားလ စနေနေ့ (တတိယအပတ်) လူထု လမ်းလျှောက်ပွဲ ဆက်လက်ဆင်နွှဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဒီဇင်ဘာ အားကစားလ စနေနေ့ (တတိယအပတ်) လူထု လမ်းလျှောက်ပွဲ ဆက်လက်ဆင်နွှဲ

 




MNP - ဒီဇင်ဘာ  ၁၇


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ ဒုတိယအပတ် လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီ ခွဲ အချိန်က  မုံရွာမြို့ပြည်သူ့အားကစားကွင်း ရှေ့၌ကျင်းပပြုလုပ်ရာ စုပေါင်းလမ်းလျှောက်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် သက်ဆိုင်ရာဌာန အသီးသီးမှ အရာထမ်းအမှူထမ်းများ၊ တက္ကသိုလ်၊  ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊  တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များနှင့်  မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများစုစု ပေါင်းအင်အား ၃၅၀၀ဦး ကျော်တို့ ပါဝင်ဆင်နွှဲခဲ့ကြရာ  မုံရွာမြို့ ပြည်သူ့အားကစားကွင်း စုရပ်နေရာမှစတင်ကာ ဗိုလ်ချုပ်လမ်းတစ်လျှောက် ကန်သာယာ၊ ရာပြည့်ကပ်ကျော်စေတီတော် မုဒ်ဦးအထိ၊ ထိုမှတဖန်ပြည်သူ့အားကစားကွင်းသို့ သတ်မှတ်ထားသော လမ်းကြောင်းအတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီးနောက် ပြည်သူ့အားကစားကွင်းအတွင်း တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်မောင်မယ် များ၏ ကိုယ်လက်လေ့ကျင့်ခန်း အတွဲ(၁)အမှတ်စဉ်(၁)၊ အမှတ်စဉ် (၂) သရုပ်ပြမှုနှင့်အတူ  သွေးပူလေ့ကျင့်ခန်း အားကစားစုပေါင်းဆောင်ရွက်ခဲ့ကြသည်။


ထို့နောက်  လမ်းလျှောက် ပွဲတွင်ပါဝင်ဆင်နွှဲကြသူများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင် အလှူရှင်များက ကောက် ညှင်းပေါင်းများ လက်ဖက်ရည်များဖြင့်တည်ခင်းဧည့်ခံခဲ့ကြပြီး စုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ကြသူများပျော်ရွှင်စွာကံစမ်းနိုင်ရေးအတွက် ကံစမ်းမဲများကိုဖောက်ပေးခဲ့ကြပြီးနောက် ကံစမ်းမဲပေါက်သူများကို ဆုများအသီးသီးပေးအပ် ချီး‌မြှင့်ခဲ့ကြသည်။


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ  လူထုလမ်းလျှောက်ပွဲကို အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စုပေါင်းလမ်းလျှောက်သူများ ပျော်ရွှင်စေရေးအတွက် ကံစမ်းမဲများလည်း အပတ်စဉ် မဲဖောက်ပေးသွားမည်ဖြစ်ပြီး မည်သူမဆိုပါဝင် ဆင်နွှဲနိုင်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)