ရခိုင်ပြည်နယ် ၊ မောင်တောမြို၌ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့မှ ခွင့်ပြုထားသောအသင်းအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ၊ မောင်တောမြို၌ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့မှ ခွင့်ပြုထားသောအသင်းအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP  -   ဒီဇင်ဘာ  ၂၉

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့မှ ခွင့်ပြုထားသောအသင်းအဖွဲ့များအား  ၃ လ တစ်ကြိမ် ငွေစာရင်းရှင်းတမ်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်  ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန အစည်း အဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ ဉက္ကဋ္ဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက  အသစ်ပြဌာန်းလိုက်သည့် ဉပဒေသစ်တွင် ပါဝင်သည့် အကြောင်းအရာများ ၊ ဉပဒေပါ ပြစ်မှု ၊ ပြစ်ဒဏ်များ၊ အသင်းအဖွဲ့များအနေဖြင့်  ဉပဒေကို သိရှိ လိုက်နာပြီး ဉပဒေနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ကြရန် နှင့် အသင်း၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား စသည့်တို့ကို ရှင်းလင်းတင်ပြကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရှေ့နေများကောင်စီအသင်း နှင့် အသင်း အဖွဲ့ဝင်များက အသစ်ပြဌာန်းလိုက်သည့် ဉပဒေ အ ကြောင်း အရာများ ၊ အသင်းများ၏ ၃ လပတ် ငွေစာရင်း ရရှိ ၊ သုံးစွဲ ၊ လက်ကျန်များ နှင့် အသင်းများ၏ လုပ်ငန်း ဆောင် ရွက်နေမှုအခြေအနေများအား ဆွေးနွေးတင်ပြကြရာ လို အပ် သည် များ ကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ မှ ပေါင်း စပ် ညှိနှိုင်း ပေးခဲ့ ကြောင်း သိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)