ညောင်တုန်းမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကျင်းပ


MNP -  ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်နှင့် သင်ကြားပို့ချမှုအား ဂရုတစိုက်လေ့လာမှတ်သားကြရန် အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျက မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းဇယားများတိကျမှန်ကန်စေရေး စာတွေ့/လက်တွေ့ သင်ကြားပြသပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ညောင်တုန်းမြို့နယ်တွင် မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့်နည်းပြသင်တန်းကို မြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ (၃၀၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)