မိုးညှင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ




MNP    ဒီဇင်ဘာ  ၂၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။


အဆိုပါ လမ်းသစ်ဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားကာ ပျော်ဘွယ်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးမြို့မောင်က ကျေးရွာပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များပေးအပ်ပြီး တက်ရောက်လာကြသည့် ခရိုင်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက လမ်းသစ်ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းခဲ့ကြသည်။


ထို့နောက် တာဝန်ရှိသူများက ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းသစ်မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြကာ ယင်းလမ်းသစ်အား လှည့်လှယ်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ပျော်ဘွယ်ကျေးရွာကွန်ကရစ်လမ်းသစ်ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေကျပ် သိန်း(၁၀၀)၊ ပျော်ဘွယ်ကျေးရွာ ပညာရောင်ခြည်စာသင်တိုက် ဆရာတော်မှ လှူဒါန်းငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူလူထုမှ ထည့်ဝင်ငွေကျပ် (၈၅)သိန်း စုစုပေါင်းတန်ဖိုးငွေကျပ် (၂၈၅)သိန်းဖြင့် အရှည် (၁၃၅၀)ပေ၊ အကျယ် (၁၃)ပေနှင့် ထု(၆)လက်မ ကွန်ကရစ်လမ်းခင်းခြင်းကို ဩဂုတ်လ (၁၂)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါတွင် ကျေးရွာနေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ရာသီမရွေးသွားလာနိုင်သည့်အပြင် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)